“၂၀၂၆ခုနှစ်ရဲ့ နှစ်သစ်ကူးအခါသမယတွင် အထူးဒေသ(၁)အတွင်း နေထိုင်ကြသော မိဘပြည်သူများအတွက် သတင်းကောင်း

“၂၀၂၆ခုနှစ်ရဲ့ နှစ်သစ်ကူးအခါသမယတွင် ကျွန်ုပ်တို့အထူးဒေသ(၁)အတွင်း နေထိုင်ကြသော မိဘပြည်သူများအတွက် ဝမ်းသာစရာသတင်းကောင်းလေးတစ်ခု ပြောပြပေးပါရစေ”

လောက်ကိုင်ပြည်သူ့ဆေးရုံတွင် ခန္ဓာကိုယ်အနှံ့အပြားရှိ ရောဂါများကို ပေါ်လွင်အောင် ရှာဖွေပေးနိုင်ရုံသာမက သွေးကြောများအထိပါ ရှာဖွေပေးနိုင်သော GE Revolution Maxima 128 Slice CT စက်ကြီးဖြင့် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးပေးကုသနေပြီး ASIR-V (Adaptive Statistical Interactive Reconstruction-V) နောက်ဆုံးပေါ်နည်းပညာဖြစ်တဲ့အတွက် Radiation Dose ကို (၈၂) ရာခိုင်နှုန််းအထိလျှော့ချပေးနိုင်ပြီး ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေကိုသာ ပြသပေးနေမှာဖြစ်ပါတယ်။ယခုလိုပုံရိပ်တွေ ပြတ်ပြတ်သားသားဖြစ်နေမှလည်း ဆေးကုသမှုခရီးလမ်းတစ်လျှောက် လွယ်ကူမှန်ကန်တဲ့ လုပ်ဆောင်ချက်တွေကို ဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိလှတဲ့ ကျန်းမာရေးအတွက် ကိုယ်ခန္ဓာစမ်းသပ်စစ်ဆေးရာတွင်ဖြစ်စေ၊ဆေးကုသ တဲ့နေရာမှာ သေချာတိကျမှန်ကန်စေချင်တာပဲဖြစ်စေ၊ ရောဂါရှာဖွေကုသရာတွင် နောက်ကျသွားခြင်း၊မှားယွင်းသွားခြင်း လုံးဝမဖြစ်စေရန် ကွန်ပျူတာဓာတ်မှန် (CT Scan ) ရိုက်ဖို့ လိုအပ်လာပါက ကျွန်ုပ်တို့ လောက်ကိုင်ပြည်သူ့ဆေးရုံသို့ အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါရစေ။
“သင်နှင့် သင့်မိသားစုရဲ့ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရသောကျန်းမာရေးဌာနတစ်ခုအဖြစ် ကျွန်ုပ်တို့ အမြဲအသင့်ရှိနေပါတယ်”
Previous နိုင်ငံတကာအဆင့်မီ သန့်ရှင်းသပ်ရပ် ပိုးမွှားသန့်စင်ထားသော (Modular Operation Theater)

Group 1, Community 3, Jinxiang District, Old Street Market
Near Highway 125
300 m from Aimin Hospital

Mon – Sat: 8:00 am – 5:00 pm

Connect With Us

Find us in social media

DEPARTMENT OF HEALTH, SPECIAL REGION (1) © 2026. All Rights Reserved