“နိုင်ငံတကာ အဆင့်မီ သန့်ရှင်းသပ်ရပ် ပိုးမွှားသန့်စင်ထားပြီး ပြီးပြည့်စုံတဲ့ (Modular Operation Theater) ခွဲစိတ်ခန်း တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ”
ကျွန်ုပ်တို့ အထူးဒေသ (၁) လောက်ကိုင်မြို့မှာရှိတဲ့ အမှတ်(၁) ပြည်သူ့ဆေးရုံ နဲ့ လောက်ကိုင်ပြည်သူ့ ဆေးရုံရှိ ခွဲစိတ်ခန်းများတွင် မိဘပြည်သူများနဲ့ လူနာများ စိတ်ချမ်းသာစွာ ခွဲစိတ်ကုသမှုများ ခံယူနိုင်ရန်အတွက် အတွေ့အကြုံရှိ ဝါရင့်ကျွမ်းကျင်သော အထူးကုဆရာဝန်ကြီးများနှင့် ဆရာမများမှ ကျန်းမာရေးဝန်ဆောင်မှုများ ပေးနေပါတယ်။
အဲ့ဒီထက်ပိုပြီး အရေးကြီးတဲ့အချက်ကတော့ ခွဲစိတ်ခန်းဘဲဖြစ်ပါတယ်။အမှတ်(၁) ပြည်သူ့ဆေးရုံနဲ့ လောက်ကိုင်ပြည်သူ့ ဆေးရုံရှိ ခွဲစိတ်ခန်းများတွင် ခေတ်မီပစ္စည်းကိရိယာများ စုံလင်စွာ အမြဲအဆင်အသင့်ထားရှိတာကြောင့် အသေးစား ခွဲစိတ်မှုများကနေ (Major operation) များအထိ အဆင်ပြေချောမွေ့စွာ ခွဲစိတ်မှုများ ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။
ဒါ့အပြင် လေထုသန့်စင်စနစ်နဲ့ ခေတ်မီခွဲစိတ်ခန်းသုံး ပစ္စည်းကိရိယာများ တပ်ဆင်ထားပြီး ဘတ်တီးရီးယား ပိုးမွှားများ ကင်းစင်အောင် ဖန်တီးထားသော (Modular Operation Theater) ဖြစ်တာကြောင့် ခွဲစိတ်မှုအပြီး အနာပိုးဝင်ခြင်းနဲ့ နောက်ဆက်တွဲဝေဒနာများခံစားရတာ မရှိရလေအောင် ကာကွယ်ပေးနိုင်ပါတယ်။
လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိလှတဲ့ ကျန်းမာရေးအတွက် 100% ပိုးမွှားသန့်စင် ယုံကြည်စိတ်ချရသော ခွဲစိတ်ခန်းများရှိသည့် အမှတ်(၁) ပြည်သူ့ဆေးရုံနှင့် လောက်ကိုင်ပြည်သူ့ ဆေးရုံသို့ အရောက်လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါရစေ။
“သင်နှင့် သင့်မိသားစုကျန်းမာရေးအတွက် ယုံကြည်စိတ်ချရသောကျန်းမာရေးဌာနတစ်ခုအဖြစ် ကျွန်ုပ်တို့ အမြဲအသင့်ရှိနေပါတယ်”



