အထူးဒေသ (၁)၊ အမှတ်( ၁ )ပြည်သူ့ဆေးရုံကြီး (အိုက်မင်) တွင် နောက်ဆုံးပေါ် ခေတ်မီ ကွန်ပျူတာဓာတ်မှန် (160 -Slice CT Scan) ဝန်ဆောင်မှု ပြုလုပ်နိုင်ပါပြီ
အထူးဒေသ (၁) အတွင်းနေထိုင်ကြသော မိဘပြည်သူများ၏ ကျန်းမာရေးကဏ္ဍ ပိုမိုမြင့်မားလာစေရန်နှင့် တိကျမှန်ကန်သောရောဂါရှာဖွေမှုများကို အနီးကပ်ဝန်ဆောင်မှုပေးနိုင်ရန်အတွက် အမှတ်( ၁ ) ပြည်သူ့ဆေးရုံကြီး ( အိုက်မင်) မှ နောက်ဆုံးပေါ်ခေတ်မီ Canon / Toshiba – Aquilion Series (160 -Slice CT Scan)စက်ကြီးဖြင့် စတင်ဝန်ဆောင်မှုပေးနေပြီဖြစ်သည်။
ဘာကြောင့် CT Scan အသစ်ကိုရွေးချယ်သင့်လဲ?
• အဆင့်မြင့်နည်းပညာ (160-Slice Technology): ခန္ဓာကိုယ်အတွင်းပိုင်းရှိ အသေးစိတ် အစိတ်အပိုင်းများမှသည် ရှုပ်ထွေးလှသော သွေးကြောများအထိ ပုံရိပ်ကြည်လင်ပြတ်သားစွာဖြင့် ရှာဖွေဖော်ထုတ်ပေးနိုင်သည်။
• ဘေးအန္တရာယ်ကင်းရှင်းမှု (Radiation Safety): နောက်ဆုံးပေါ် ASIR-V နည်းပညာကို အသုံးပြုထားသောကြောင့် ဓာတ်ရောင်ခြည်သင့်မှုကို (၈၂) ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင်ပြီး လူနာများအတွက် ဘေးဥပါဒ်ကင်းစင်စေသည်။
• တိကျသော ရလဒ်: ပုံရိပ်ကြည်လင်မှုကြောင့် ဆရာဝန်များအနေဖြင့် ရောဂါကို မှန်ကန်စွာ ဆုံးဖြတ်နိုင်ပြီး ထိရောက်သော ကုသမှုများကို အချိန်ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်မည် ဖြစ်သည်။
မှန်ကန်သောရောဂါရှာဖွေမှုသည် ထိရောက်သောကုသမှု၏ပထမဆုံးခြေလှမ်း ဖြစ်ခြင်းကြောင့်
လူကြီးမင်းတို့၏ အဖိုးတန်လှသော ကျန်းမာရေးအတွက် ရောဂါရှာဖွေစစ်ဆေးရန် လိုအပ်လာပါက အခြားဒေသများသို့ ဝေးလံစွာသွားရောက်ရန် မလိုတော့ဘဲ ခေတ်မီနည်းပညာနှင့် ကျွမ်းကျင်မှု ပေါင်းစပ်ထားသော အမှတ်( ၁ )ပြည်သူ့ဆေးရုံကြီး ( အိုက်မင် ) သို့ ယုံကြည်စိတ်ချစွာကုသမှုခံယူနိုင်ပြီဖြစ်သည်။
အထူးဒေသ (၁)၊ အမှတ်( ၁ )ပြည်သူ့ဆေးရုံကြီး ( အိုက်မင် ) တွင် နောက်ဆုံးပေါ် ခေတ်မီ ကွန်ပျူတာဓာတ်မှန် (Canon / Toshiba – Aquilion Series) (160 -Slice CT Scan) ကို ( ၂၄ )နာရီ ကျန်းမာရေး ဝန်ဆောင်မှုပေးနေပြီးအသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ်( ၀၉ ၆၈၀ ၉၇၃ ၈၀၀ )သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
“လူသားတိုင်း ကျန်းမာဖို့ အမှတ်( ၁ )ပြည်သူ့ဆေးရုံ ( အိုက်မင် ) က အမြဲအသင့်ရှိနေပါတယ်”



