Autoimmune Disease များနှင့် ကိုယ်ခံအားစနစ် (Immune System) ဆိုင်ရာ ရောဂါများကို အဆင့်မြင့် ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးနိုင်ပါပြီ

Autoimmune Disease များနှင့် ကိုယ်ခံအားစနစ် (Immune System) ဆိုင်ရာ ရောဂါများကို စောစီးစွာ သိရှိနိုင်ရန် Advanced Immunology Test များကို အထူးဒေသ (၁) ကျန်းမာရေးဌာန၏ အဆင့်မြင့် ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးနိုင်ပါပြီ
 
Autoimmune Disease (ကိုယ်ခံအားစနစ်မှ ကိုယ်ခန္ဓာကို ပြန်လည်တိုက်ခိုက်သောရောဂါများ) ဆိုသည်မှာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် (Immune System) က ပြင်ပမှ ရောဂါပိုးတွေကို မတိုက်ခိုက်ဘဲ မိမိ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို မှားယွင်းပြီး ရန်သူလို ပြန်လည်တိုက်ခိုက်သည့် ရောဂါအုပ်စုများ ဖြစ်ပါတယ်။
ရောဂါပြင်းထန်လာပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းများ ထိခိုက်ပျက်စီးမသွားမီ စောစီးစွာ စစ်ဆေးသိရှိခြင်းက အလွန်အရေးကြီးပါတယ်။
ကျွန်ုပ်တို့၏ အထူးဒေသ (၁) ကျန်းမာရေးဌာန၏ အဆင့်မြင့် ဓာတ်ခွဲခန်းတွင် ရရှိနိုင်သော Test များမှာ
1. Serum IgG & Serum IgA
2. Complement C3 & Complement C4
3. ANA / ENA Profile (23 Panel)
4. ANCA Profile
5. Autoimmune Liver Profile
6. Anti-CCP Plus
7. RA Factor (RF) (Quantitative)
8. TRAb (TSH Receptor Antibody)
9. Anti-TPO (Thyroid Peroxidase Antibody)
 
>> ဘယ်သူတွေ စစ်ဆေးသင့်သလဲ?
အောက်ပါ ရောဂါလက္ခဏာများ သို့မဟုတ် သံသယရှိသူများ စစ်ဆေးသင့်ပါသည်။
– အမြဲမောပန်းခြင်း၊ အားနည်းခြင်း
– အဆစ်နာကျင်ခြင်း၊ အဆစ်ရောင်ရမ်းခြင်း
– အကြောင်းရင်းမသိ ဖျားခြင်း
– အရေပြားအနီကွက်များ သို့မဟုတ် အရေပြားပြောင်းလဲမှု ခံစားနေရသူများ
– ပါးစပ်အနာများ မကြာခဏဖြစ်ခြင်း၊ မျက်လုံးခြောက်ခြင်း သို့မဟုတ် ပါးစပ်ခြောက်ခြင်း
– သိုင်းရွိုက်ရောဂါ (Hyperthyroidism / Hypothyroidism) သံသယရှိသူများ
– Lupus (SLE) သံသယရှိသူများ
– Vasculitis သံသယရှိသူများ
– Rheumatoid Arthritis (RA) သံသယရှိသူများ
– Autoimmune Hepatitis သံသယရှိသူများ
– Hashimoto’s Thyroiditis နှင့် Graves’ Disease သံသယရှိသူများ
– Immune Deficiency Assessment ပြုလုပ်လိုသူများ
 
Autoimmune Disease များကို စောစီးစွာ သိရှိခြင်းဖြင့် ရောဂါကို အချိန်မီ ကုသနိုင်သည်။ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပျက်စီးမှုကို လျော့နည်းစေသည်။ ရောဂါတိုးတက်မှုနှင့် ကုသမှုအခြေအနေကို ထိရောက်စွာ စောင့်ကြည့်နိုင်သည်။ လူနေမှုဘဝ အရည်အသွေးကို ပိုမိုကောင်းမွန်စေသည်။
 
အထူးဒေသ (၁) ကျန်းမာရေးဌာန၏ အဆင့်မြင့် ဓာတ်ခွဲခန်းတွင် နိုင်ငံတကာအဆင့်မီ စမ်းသပ်ကိရိယာများနှင့် အရည်အသွေးမြင့် ဓာတ်ခွဲစစ်ဆေးမှုများကို တိကျမြန်ဆန်စွာ ဆောင်ရွက်ပေးလျက်ရှိပါသည်။
 
အသေးစိတ် စုံစမ်းမေးမြန်းရန်နှင့် ရက်ချိန်းရယူရန်
09 688 130 796
09 698 505 381
လောက်ကိုင်ပြည်သူ့ဆေးရုံ၊ အထူးဒေသ (၁)
Previous DEXA Bone Density Scan

Group 1, Community 3, Jinxiang District, Old Street Market
Near Highway 125
300 m from Aimin Hospital

Mon – Sat: 8:00 am – 5:00 pm

Connect With Us

Find us in social media

DEPARTMENT OF HEALTH, SPECIAL REGION (1) © 2026. All Rights Reserved