DEXA Bone Density Scan (Gold Standard Test) ကြီးဖြင့် အထူးဒေသ (၁)၊ ကျန်းမာရေးဌာန တွင် သင့်အရိုးကျန်းမာရေးကို ၁၅ မိနစ်အတွင်း စစ်ဆေးနိုင်ပါပြီ။
ပြည်ထောင်စုမြန်မာနိုင်ငံ အထူးဒေသ(၁) ကျန်းမာရေးဌာန (၉.၇.၂၀၂၆) ရက်နေ့
“အသက်ငယ်သေးလို့ အရိုးပွမှာ မဟုတ်ဘူး” လို့ ထင်နေသလား?
မဟုတ်ပါဘူး။ ဒါဟာ အများဆုံးတွေ့ရတဲ့ အယူအဆမှားတစ်ခုပါ။ အသက် ၃၀ ကျော်ပြီးနောက် အရိုးသိပ်သည်းဆ (Bone Density) ဟာ တဖြည်းဖြည်း လျော့နည်းလာနိုင်ပါတယ်။
အထူးသဖြင့်…
– အသက် (၅၀) နှစ်နှင့်အထက်ရှိသူများ
– အမျိုးသမီးများ (Menopause ဝင်ပြီးသူများ)
– Calcium နှင့် Vitamin D မလုံလောက်သူများ
– ကိုယ်အလေးချိန် နည်းလွန်းသူများ (BMI နည်းသူများ)
– အချိန်ကြာမြင့်စွာ Steroid ဆေးဝါးများ သောက်သုံးနေသူများ
– ဆေးလိပ်သောက်သူများ သို့မဟုတ် အရက်အလွန်အကျွံ သောက်သူများ
– မိသားစုတွင် Osteoporosis ဖြစ်ဖူးသူများတို့မှာ ပိုမိုဖြစ်နိုင်ခြေ ရှိပါတယ်။
DEXA Bone Density Scan ကတော့ နာကျင်မှုမရှိ Radiation အလွန်နည်း ၁၅ မိနစ်ခန့်သာ ကြာမြင့်ပြီး အရိုးပွရောဂါကို အစောပိုင်း သိရှိနိုင်တဲ့ Gold Standard Test ဖြစ်ပါတယ်။
*** အရိုးကျန်းမာရေးကို အသက်ကြီး/နာကျင်လာမှ မစစ်ဆေးပါနဲ့။ ယနေ့ စစ်ဆေးခြင်းက မနက်ဖြန် လွတ်လပ်စွာ လှုပ်ရှားနိုင်တဲ့ ဘဝအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။ ***
Booking & Information – 09 688 130 796
အထူးဒေသ (၁) ကျန်းမာရေးဌာန၊ လောက်ကိုင်ပြည်သူ့ဆေးရုံ
DEXA Bone Density Scan အတွက် ယနေ့ပဲ Booking တင်လိုက်ပါ။
