ပြည်ထောင်စုမြန်မာနိုင်ငံ အထူးဒေသ(၁)ကျန်းမာရေးဌာန
(၁၅.၂.၂၀၂၆)ရက်နေ့ ကြေညာချက်
ပြည်ထောင်စုမြန်မာနိုင်ငံ အထူးဒေသ(၁)ကျန်းမာရေးဌာန (၁၅.၂.၂၀၂၆)ရက်နေ့ ကြေညာချက်
ပြည်ထောင်စုမြန်မာနိုင်ငံ အထူးဒေသ(၁)ကျန်းမာရေးဌာန၏လမ်းညွှန်မှုဖြင့်(၉.၂.၂၀၂၆)ရက်နေ့မှ စပြီး ကွမ်လုံမြို့၊ လောက်ကိုင်မြို့၊သိန္နီမြို့၊တာမိုးညဲမြို့၊ကုန်းကြမ်းမြို့တို့တွင် အသက်(၃)နှစ်အောက် ကလေးငယ်စုစုပေါင်း( ၁၂၈၆ )ဦီးကို အသက်အရွယ်အလိုက်ရရှိသင့်သောကာကွယ်ဆေးများ “အခမဲ့”ထိုးနှံတိုက်ကျွေးပေးခဲ့သည်။
အထူးဒေသ(၁)ကျန်းမာရေးဌာနမှတာဝန်ရှိသူတစ်ဦးက “အရင်နှစ်တွေကထက် ကလေးငယ်တိုင်းကာကွယ်ဆေးအပြည့်အဝထိုးနှံတိုက်ကျွေးနိုင်ရေးကို ကြိုးစားဆောင်ရွက်နေပါတယ်၊အဓိကအနေနဲ့ကျေးလက်ဒေသက ကလေးငယ်တိုင်းအတွက်ပေါ့နော်၊လောက်ကိုင်မှာဆိုရင် ကလေးငယ်တိုင်း အဆင်ပြေပြေနဲ့ ကာကွယ်ဆေးထိုးနိုင်ဖို့အတွက် နှစ်ရက်ခွဲပြီးထိုးပေးပါတယ် ”ဟု ပြောကြားခဲ့သည်။ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းသည် ကလေးငယ်တိုင်းအတွက် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးကဏ္ဍတစ်ခု ဖြစ်ခြင်းကြောင့် မိဘများအနေဖြင့် မဖြစ်မနေသွားရောက်ထိုးနှံတိုက်ကျွေးသင့်ကြောင်း ကျန်းမာရေးဌာနက ညွှန်ကြားထားသည်။
အထူးဒေသ(၁)ကျန်းမာရေးဌာနသည် ကလေးငယ်တိုင်းကာကွယ်ဆေးအပြည့်အဝထိုးနှံတိုက်ကျွေးနိုင်ရေး၊လိုအပ်သည့်ကာကွယ်ဆေးများရရှိရေးကို အထူးအလေးထားဆောင်ရွက်လျက်ရှိသည်။ပြီးခဲ့သည့် (၂၀၂၅)ခုနှစ်တွင် ဒေသတွင်းရှိကလေးငယ်စုစုပေါင်း(၂၁၅၁၃)ဦးကို ကာကွယ်ဆေးအပြည့်အဝထိုးနှံတိုက်ကျွေးနိုင်ခဲ့သည်။လက်ရှိ(၂၀၂၆)ခုနှစ်အတွင်းတွင် ဒေသတွင်းရှိ ကလေးငယ်တိုင်းကို ကာကွယ်ဆေးထိုးနှံတိုက်ကျွေးနိုင်ရန် အဓိကထားစီစဉ်ဆောင်ရွက်လျက်ရှိသည်။

